November လဟာ Stressless month လို့ ပြောကြတယ် . သတ်မှတ်ထားကြတယ် ..
ဒီလိုလမှာ Stress အကြောင်းလေး နဲနဲ ကို ပြန်လည်ဝေမျှပါရစေ ..
Stress တွေများလာတဲ့ လက္ခဏာတွေက –
မစားချင်မသောက်ချင်ဖြစ်လာတာ၊
ညည အိပ်မပျော်တတ်တာပါ၊ ၊
ဇက်ကြောတွေ တအားတတ်တာ၊
ခေါင်းကိုက်တာ၊ ကျောအောင့်တာ၊ကြွက်တက်တာ၊
အရမ်းပင်ပန်းလွယ်တာ၊ စိုးရိမ်သောက များတာတွေ ဖြစ်လာတတ်ပြီး ဒီထက်ပိုဆိုးလာရင် မကြာခဏ ဒေါသတွေ ထွက်လာမယ်၊
ဂနာမငြိမ်တာတွေဖြစ်လာမယ်၊ နောက်ပိုင်းကျန်းမာရေးကိုထိခိုက်ပြီး အစာအိမ် နာတာယောင်တာတွေဖြစ်လာမယ် ၊ သွေးပေါင်တက်တာ၊ ဆီးခဏခဏ သွားတာတွေထိဖြစ်လာနိုင်ပါတယ်
(ဒီအဆင့်ကတော့ Stress အတိုင်းအတာတော်တော်မြင့်လာတယ်လို့ပြောရပါမယ်)
Stress တွေကြုံလာတဲ့အခါ
✔ အသက်ကို ဝဝ ရှုပါ၊
✔ လေ့ကျင့်ခန်း လုပ်ပါ (၂၁ရာစုမှာလူငယ်တွေ လေ့ကျင့်ခန်းလုပ်ဖို့ပျင်းမနေပါနဲ့တော့)
✔ မနက်ခင်းအလေ့အထလေးတွေ အနည်းငယ်ပြောင်းလဲကြည့်ပါ၊
✔ ကျန်းမာစေမယ့် အစားအသောက်များများစားပါ ၊ အသီးအနှံများများစားပါ၊
✔ဘယ်လောက်အလုပ်များများ အနားယူချိန်သတ်သတ်မှတ်မှတ်ထားပါ၊
✔ ပန်းချီဆွဲတာ၊ သီချင်းဆိုတာ၊ ရုပ်ရှင်ကြည့်တာ စတဲ့ ဝါသနာပါတဲ့ တစ်ခုခုကို လုပ်ပါ၊
✔ တတ်နိုင်သလောက် ခရီးတိုလေးတွေထွက်ပါ၊
✔လုပ်ငန်းခွင်မှာ ကျောင်းမှာ လုပ်စရာလေးတွေအားလုံးအတွက် ကိုယ်ပိုင် Schedule , Plan ချထားပါ၊ Plan အတိုင်းလဲ ဖြစ်အောင်လုပ်ပါ ၊ ဒီနေ့လုပ်ရမယ့်အရာတွေ အကြွေးချန်ထားတတ်ရင် stress တွေ ဆက်တိုက်ဖြစ်လာနိုင်ပါတယ် ..
အားလုံးပဲ အေးချမ်းတဲ့ Novemberလမှာ Stressတွေကင်းဝေးပြီး ပျော်ရွှင်နိုင်ကြပါစေ …
ချစ်ခြင်းများဖြင့်
လင်းယုန်ဖြူလေး

လူငယ်တွေအားလုံးကို ဒီကနေ မင်္ဂလာပါလို့ နှုတ်ခွန်းဆက်လိုက်ပါတယ်.. August 12 ရက်ဟာ International Youth Day ပါ …..

Posted by Mandalar Hospital on Friday, August 11, 2017

CategoryNew

For emergency cases +959 796188100 , customerservicemanager@mandalarhospitals.com