
သွေးတိုးရောဂါရှိသူများ၏ သုံးပုံတစ်ပုံသည် မိမိတွင် သွေးတိုးရောဂါ ရှိကြောင်း သတိမထားမိတတ်သောကြောင့် ဆေးပညာရှင်များက သွေးတိုးရောဂါကို အသံတိတ်လူသတ်သမား (Silent Killer) ဟုပင် တင်စားခေါ်ဝေါ်ကြပါသည်။
ဘယ်လိုလူတွေမှာ အဖြစ်များသလဲ???
- အသက်၄၀ကျော်သူများ၊
- ဆေးလိပ်၊ အရက် အလွန်အကျွံ သောက်သုံးသူများ၊
- ကိုယ်အလေးချိန် များသူများ၊
- စိတ်ဖီစီးမှု များသူများ၊
- မကြာခဏ သွေးပေါင်တက်တတ်သူများ တွင် အဖြစ်များပါသည်။
သွေးတိုးရောဂါသည် ပုံမှန်အားဖြင့် လက္ခဏာမပြတတ်ပါ။ ယေဘူယျအားဖြင့်-
၁။ ခေါင်းကိုက်ခြင်း၊
၂။ ဇာတ်ကြောတက်ခြင်း၊
၃။ မူးဝေခြင်း၊
၄။ အသက်ရှူ မြန်လာခြင်း စသည်တို့ကို ခံစားရတတ်ကြပါသည်။
သွေးတိုးရောဂါ၏ နောက်ဆက်တွဲ ရောဂါ ပြဿနာများ-
- လေဖြတ်ခြင်း၊
- ရင်ဘတ်အောင့်ခြင်း၊
- ဦးနှောက်သွေးကြောပိတ်ခြင်း၊
- ဦးနှောက်သွေးကြော ပေါက်ခြင်း၊
- နှလုံးသွေးကြောကျဉ်းခြင်း၊ ပိတ်ခြင်း၊
- ကျောက်ကပ်ပျက်စီးခြင်း၊
- နှလုံးညှစ်အားနည်းခြင်း၊
- မျက်နှာများ ယောင်အမ်းလာခြင်း၊
- အမြင်ချို့ယွင်းလာခြင်း စသည့် ဆိုးကျိုးများကို ရရှိလာနိုင်ပါသည်။
သွေးတိုးရောဂါကို ဘယ်လိုထိန်းသိမ်းကြမလဲ???
၁။ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ၊
၂။ အငန် လျှော့စားပါ၊
၃။ ဟင်းသီးဟင်းရွက်၊ အသီးအနှံများကို ပိုမို၍ စားသုံးပါ၊
၄။ ဆီ လျှော့စားပါ၊
၅။ အဆီ၊အဆိမ့်ကို လျော့စားပါ၊
၆။ ကိုယ်လက်လှုပ်ရှားမှုကို ပုံမှန်လုပ်ပေးပါ၊
၇။ လမ်းပုံမှန်လျှောက်ပေးပါ၊
၈။ ဟင်းချိုမှုန့်ကို တတ်နိုင်သလောက် ရှောင်ကြဉ်ပါ၊
၉။ အရက်၊ ဆေးလိပ်များကို ရှောင်ကြဉ်ပါ၊
၁၀။ သွေးပေါင်ကို ပုံမှန်ချိန်ပေးပါ။
သင့်တွင် သွေးတိုးရောဂါ ရှိနေပါက အသက်အန္တရာယ်ကိုပါ ထိခိုက်နိုင်သည့်အတွက် အထက်ပါဖော်ပြထားသည့် အချက်များကို သေချာလိုက်နာ ဆောင်ရွက်သင့်ပါသည်။