ဗီတာမင် Dကို နေရောင်ခြည်မှ ပေးသော ဗီတာမင်ဟူ၍ ခေါ်ဆိုပါတယ်။
ဗီတာမင် D ချို့တဲ့ပါက …
❗️အရိုးပျော့ရောဂါ၊
❗️အရိုးပွရောဂါ၊
❗️အရိုးကျိုးလွယ်ခြင်း၊
❗️မကြာခဏ နေမကောင်းဖြစ်ခြင်း၊
❗️ ကြွက်သားများအားနည်းခြင်း၊
❗️ အာရုံကြောဆိုင်ရာ ရောဂါများ ခံစားရခြင်း၊
❗️ သွေးပေါင်ကျခြင်း၊
❗️ ဆံပင်ကျွတ်ခြင်း၊
❗️ အနာအကျက် နှေးခြင်း၊
❗️ ရောဂါပိုး အလွယ်တကူ ဝင်နိုင်ခြင်း၊
❗️ ပင်ပန်းနွမ်းနယ်ခြင်း၊
စသည့် ရောဂါများ ဖြစ်ပေါ်လာနိုင်ပါသည်။
* လူတစ်ဦးသည် တစ်နေ့တွင် ဗီတာမင် D ပမာဏ 400 မှ 800 IU လိုအပ်ပါသည်။
🌞🌞ဗီတာမင် Dကို ဘယ်အရာများမှ ရရှိနိုင်ပါသလဲ?
🌞၁။လူ့ခန္ဓာကိုယ် အရေပြားနှင့် နေရောင်ခြည် ထိတွေ့မိသည့်အခါတွင် ရရှိနိုင်သည့်အတွက် အထူးသဖြင့် နံနက်ခင်း နေရောင်ခြည်အောက်တွင် ၁၅မိနစ် မှ နာရီဝက်ခန့် နေသင့်ပါသည်။
🥛🥛၂။ ဗီတာမင် D ကို အောက်ပါအစားစာများမှလည်း ရရှိနိုင်ပါသည်။
– ကြက်ဥအနှစ်၊
– ဆယ်လ်မွန်ငါး၊
– ပုစွန်ဆိတ်၊
– ဆာဒင်းငါး၊
– နို့၊
– ဒိန်ချဉ်၊
– ကွေကာအုတ်၊
– ချိစ်၊
– တိုဟူး၊
– မှို၊
– ပဲနို့၊
– လိမ္မော်ရည်
💊💊၃။ ဗီတာမင် D အားဆေးများ သောက်သုံးခြင်းမှလည်း ရရှိနိုင်ပါသည်။ မြန်မာနိုင်ငံကဲ့သို့ နေရောင်ခြည်ဓာတ် ကောင်းစွာ ရရှိသော နေရာဒေသမျိုးတွင် များသောအားဖြင့် ဗီတာမင် D အားဆေး သောက်သုံးရန် မလိုအပ်ပါ။
⚠️⚠️တန်ဆေးလွန်ဘေးဆိုသည့်အတိုင်း ဗီတာမင်D လွန်ကဲသွားပါကလည်း ဆီးကျောက်တည်ခြင်း စသည့် ဆိုးကျိုးများ ရှိနိုင်ပါသည်။ ထို့ကြောင့် မိမိသဘောဖြင့် အားဖြည့်ဆေးများကို သောက်သုံးခြင်းမျိုး မပြုလုပ်ပဲ ဆရာဝန်၏ ညွှန်ကြားချက်ဖြင့်သာ သောက်သုံးသင့်ပါသည်။
CategoryUncategorized

For emergency cases +959 796188100 , customerservicemanager@mandalarhospitals.com