ကိုယ်ဝန်ဆောင်မေမေများ ဤအစားအစာများ ရှောင်ပါ။

📣📣 ကိုယ်ဝန်ဆောင် အမျိုးသမီးများသည် မိမိအတွက်သာမက မိမိ၏ သန္ဓေသားပါ ကျန်းမာစေရန်အတွက် အစားသောက်၊ အနေထိုင်ကို အထူးဂရုစိုက်သင့်ပါသည်။

👨🏻‍⚕️👨🏻‍⚕️ ထို့ကြောင့် ကိုယ်ဝန်ဆောင်များ ရှောင်ကြဉ် သင့်သည့် အစားစာများကို ဖော်ပြပေးသွားမှာ ဖြစ်ပါသည်။

🥩🥩 အသားစိမ်းများ။

သွေးပါနေသော အသားများ၊ ပန်းရောင် ဖြစ်နေသော အသားများကို အထူးရှောင်ရှားသင့်ပါသည်။ ဘဲသား၊ အမဲသား၊ ကြက်သား စသည့် အသားစိမ်းများတွင် အစာအဆိပ်သင့်မှုကို တိုးပွားစေသည့်အပြင် သန္ဓေသားကိုပါ ထိခိုက်စေနိုင်သည့် Toxoplasma ကဲ့သို့သော ဘတ်တီးရီးယားနဲ့ ကပ်ပါးပိုးများ ပါဝင်နိုင်သောကြောင့် အသားစိမ်းများကို စားသုံးခြင်းကို အထူးရှောင်ကြဉ်သင့်ပါသည်။

☕️☕️ကဖိန်းဓာတ်ပါသော အရာများ။

ကော်ဖီ၊ လက်ဖက်ရည်၊ အချိုရည်၊ ကိုကိုး စသည်တို့သည် ကဖိန်းဓာတ်ပါဝင် သည့်အတွက် အချင်းမှ တစ်ဆင့် သန္ဓေသားဆီသို့ ရောက်ရှိနိုင်ပြီး သန္ဓေသား ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်သည့်အတွက် ကိုယ်ဝန်ဆောင်များ အနေဖြင့် တစ်နေ့လျှင် ၂၀၀ မီလီဂရမ်ထက်ပို၍ မသောက်သုံးသင့်ပါ။

🍺🥃 Alcohol

အရက်၊ ဘီယာ စသည်တို့တွင် အယ်လ်ကိုဟော ပါဝင်သည့် အတွက် ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေးအသေမွေးခြင်း အပြင် ကလေး၏ဉာဏ်ရည် ကိုထိခိုက်စေနိုင်သည်။

🐠🐟 ပြဒါးပါဝင်သော ငါးများ၊

မာကျူရီ ခေါ် ပြဒါး ပါဝင်သော ငါးများမှာ-
* ငါးမန်း
* ဓားနှုတ်သီးရှည်ငါး၊
* တူနာငါး၊
* မက်ကာရယ်ငါး စသည်တို့ ဖြစ်ပါသည်။
ပြဒါးဓာတ်သည် လူကို အန္တရာယ်ဖြစ်စေနိုင်သည့်အတွက် ကိုယ်ဝန်ဆောင်များ အနေဖြင့် အထူးရှောင်ကြဉ် သင့်ပါသည်။

🫀🫁 ကလီစာများ။

ကလီစာများ အစားများပါက ဗီတာမင် A အဆိပ်သင့်ခြင်း၊ ကြေးနီဓာတ် ပုံမှန်ထက် မြှင့်တက်ခြင်းများ ဖြစ်ပေါ်စေသည့် အတွက် တစ်ပတ် တစ်ရက်ထက် ပို၍ မစားသုံးသင့်ပါ။

🥫🥫 အသင့်စား အစားစာများ။

အသင့်စားအစားစာများတွင် ကစီဓာတ်အပြင် သကြားဓာတ်များစွာ ပါဝင်သည့်အတွက် ဆီးချိုရောဂါနှင့် နှလုံးရောဂါကို ဖြစ်ပေါ်စေနိုင်ပါသည်။

⚠️⚠️ ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေဖြင့် မိမိ၏ ရင်သွေး နှင့် မိမိ၏ ကျန်းမာရေးအတွက် အစားအသောက်၊ အနေထိုင်အစစ အရာရာ ဂရုစိုက်သင့်သည့်အတွက် အထက်ပါဖော်ပြခဲ့သည့် အရာများကို တတ်နိုင်သလောက် ရှောင်ကြဉ်သင့်ပါသည်။

#သက်ရှည်ကျန်းမာ_မန္တလာ
#Quality_Care_to_Community
#Mandalar_Hospital
#Pregnancy_Care
#Maternity

See Less
CategoryUncategorized

For emergency cases +959 796188100 , customerservicemanager@mandalarhospitals.com