မြန်မာနှင့် နိုင်ငံတကာတွင် လျင်မြန်စွာ ကူးစက်ပျံ့နှံ့လျက်ရှိတဲ့ ကိုဗစ်ရောဂါပိုးကို ကူးစက်ခံရပီဆိုလျှင်-
⚠️ ချောင်းဆိုးခြင်း၊
⚠️ ဖျားခြင်း၊
⚠️ အသက်ရှူမဝခြင်း၊
⚠️ နှာရည်ယိုခြင်း၊
⚠️ လည်ချောင်းနာခြင်း၊
⚠️ အဆစ်များ နာကျင်ကိုက်ခဲခြင်း၊
⚠️ ခေါင်းကိုက်ခြင်း၊
⚠️ ဗိုက်နာခြင်း၊
⚠️ အနံမရခြင်း၊
⚠️ ရုတ်တရက် အရသာပျောက်သွားခြင်း
⚠️ ခန္ဓာကိုယ် ယားယံခြင်း စသည့် လက္ခဏာများ ပေါ်ပေါက်လာပါတယ်။
✅✅ ထိုသူအများစုဟာ ရောဂါလက္ခဏာ စပြပြီး (၁၀)ရက်အကြာ သက်သာလာလျှင် ဆေးရုံမှဆင်းနိုင်ပြီ ဖြစ်သည်။ HDU, ICU လူနာများသည် (၂၁) ဆေးကုသမှုခံယူပြီး သက်သာလျှင် ဆေးရုံမှ ဆင်းနိုင်မည် ဖြစ်ပါသည်။ သို့သော် ဆေးရုံကဆင်းခြင်းသည် ရောဂါအရှင်းပျောက်သွားခြင်းကို မဆိုလိုပါ။
⚠️⚠️ အသက်အရွယ်ကြီးသူများသာမက ငယ်ရွယ်သူများ၌ပင် ကိုဗစ်ဖြစ်ပြီး-
– ချောင်းဆိုးခြင်း
– မောခြင်း
– ရင်တုန်ခြင်း
– ရင်ဘတ်အောင့်ခြင်း
– ပင်ပန်း နွမ်းနယ်ခြင်း
– ခြေ၊လက်များ နာကျင်ကိုက်ခဲခြင်း
– အနီစက်များထွက်ခြင်း၊ ယားခြင်း
– ကြာကြာ အာရုံမစိုက်နိုင်ခြင်း
– ညအိပ်မပျော်ခြင်း
– အရသာ၊ အနံ့မရသေးခြင်း စသည်တို့ကို ဆက်လက်ခံစားရနိုင်ပါသည်။
🆘 ဤလက္ခဏာများကို အလေးမထားပဲ ပေါ့ဆစွာ နေမိပါက အောက်ပါနောက်ဆက်တွဲရောဂါများကို ခံစားရနိုင်သည်ဟု CDC က ဖော်ပြထားပါသည်။
⚠️ အဆုတ်ရောဂါ
အဆုတ်အတွင်းရှိ လေအိတ်ငယ်များကို ပျက်စီးစေ၍ အမာရွတ်များ ကျန်ခဲ့ပြီး နာတာရှည် အသက်ရှူရခက်ခဲခြင်းနှင့် အသက်ရှူလမ်းကြောင်းနှင့် ဆိုင်သော ရောဂါများ ဖြစ်ပေါ်နိုင်ပါသည်။
⚠️ နှလုံးထိခိုက်ခြင်း
နှလုံးကြွက်သားများ ထိခိုက် ပျက်စီးစေ၍ နှလုံးကောင်းစွာ အလုပ်မလုပ်နိုင်ခြင်းကို ဖြစ်ပေါ်စေပါသည်။
⚠️ သွေးကြောပိတ်ခြင်း
ကိုဗစ်ပိုးဟာ သွေးဆဲလ်များကို ပိုမိုစုစည်းစေပြီး သွေးခဲဖြစ်ပေါ်စေကာ နှလုံးနှင့် ဦးနှောက်တွင် အဓိက ပိတ်ဆို့စေနိုင်ပါသည်။ နောက်ဆက်တွဲအားဖြင့် နှလုံးရောဂါနှင့် လေဖြတ်ရောဂါများ ဖြစ်ပွါးစေနိုင်ပါသည်။
⚠️ ဦးနှောက်နှင့် အာရုံကြော ရောဂါများ
လ၊ နှစ် ချီ၍-
အနံ့၊ အရသာ မရခြင်း၊
အာရုံမစူးစိုက်နိုင်ခြင်း၊ ခန ခန မေ့ခြင်း
ညအိပ်မပျော်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။
⚠️ စိတ်ကျရောဂါများ
ဤဝေဒနာများ ခံစားလာရပြီး အချိန်ကြာမြင့်လာသောအခါ စိတ်ပူပန်ခြင်း၊ စိတ်ဓာတ်ကျခြင်း နှင့် ကယောက်ကယက်ဖြစ်ခြင်းများ ဖြစ်ပေါ်လာနိုင်ပါသည်။
ဘယ်လို ကုသလို့ရလဲ?
ကိုဗစ်ဖြစ်ပီး၊ ဆေးရုံဆင်းပြီးသော လူနာများအတွက် လိုအပ်သော ဆေးစစ် ကုသမှုများကို ပေးနိုင်ရန်-
မန္တလာဆေးရုံမှ စီစဉ်ထားပြီး ဖြစ်ပါသည်။
* အသေးစိတ်ကို မကြာခင် ကြေညာ​ပေးမှာဖြစ်လို့ Mandalar Hospital page ကို see first လုပ်ထားဖို့ မမေ့ပါနဲ့နော်။
လူနာများ၏ လိုအပ်ချက်ကို အစဉ်အမြဲ ဖြည့်ဆည်းပေးလျက်ရှိသော မန္တလာဆေးရုံပါ။
CategoryUncategorized

For emergency cases +959 796188100 , customerservicemanager@mandalarhospitals.com